အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မြို့က မြေပြင် စစ်ဆင်ရေးတွေကို တိုးမြင့် ဆောင်ရွက်သွားဖို့ သန္နဋ္ဌာန်ချထားကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ ဒီကနေ့ တွေ့ဆုံအပြီးမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောကြားလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ ဂါဇာမှာရှိတဲ့ ဟာမတ်စ်အဖွဲ့ အကြီးအကဲ Yahya Sinwar နဲ့ အရာရှိတချို့ကို ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေကြောင်း ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အကြီးအကဲက ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်ဝမ်ပြည်သူတွေရဲ့ ရွေးချယ်ခွင့်ကို အသိအမှတ်ပြုဖို့နဲ့ စစ်ရေး၊ နိုင်ငံရေးခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့ ထိုင်ဝမ် သမ္မတ Lai Ching-te က ဒီကနေ့ တနင်္လာနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
အီရန်နိုင်ငံ အရှေ့အာဇာဘိုင်ဂျန်ပြည်နယ်ရှိ Varzaqan အနီးမှာ တနင်္ဂနွေနေ့ ရာသီဥတုဆိုးရွားနေချိန် ရဟတ်ယာဉ်ပျက်ကျပြီးနောက် ရှာဖွေကယ်ဆယ်ရေးတွေ ဒီကနေ့ အပျက်အဆီးတွေကို တွေ့ရှိခဲ့တာပါ။
အီရန်သမ္မတ Ebrahim Raisi နဲ့ နိုင်ငံခြားရေးဝန်ကြီး Hossein Amirabdollahian တို့ရဲ့ အလောင်းတွေကို နိုင်ငံမြောက်ပိုင်းက ရဟတ်ယာဉ်ပျက်ကျတဲ့ နေရာမှာ ဒီကနေ့ တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။
အီရန်သမ္မတနဲ့ အခြားအဆင့်အမြင့်အရာရှိတွေ လိုက်ပါလာတဲ့ရဟတ်ယာဥ်ပျက်ကျသွားတဲ့ နိုင်ငံ့အနောက်မြောက်ပိုင်းမှာ တနင်္ဂနွေနေ့ညထိ ရှာဖွေရေးဆက်လုပ်နေကြတယ်လို့ အီရန်တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတ Ebrahim Raisi ရဲ့ ကံကြမ္မာကိုတော့ ခုထိရေရေရာရာမသိရသေးပါဘူး။
လုပ်ကြံခံခဲ့ရတဲ့ ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico ဟာ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေမှာ မရှိတော့ဘူးလို့ လက်ထောက်ဝန်ကြီးချုပ် Robert Kalinak က ဒီကနေ့ ပြောပါတယ်။
ပါလက်စတိုင်းနယ်မြေ ဂါဇာဒေသ အလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းက အိမ်တအိမ်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးသွားတယ်လို့ ဂါဇာဆေးရုံက ဒီကနေ့ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မယ့် တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ဒီကနေ့ပဲ ကမ္ဘောဒီးယားဆိပ်ကမ်းကို ရောက်လာပါတယ်။ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ဟာ ၂ နိုင်ငံကြား ရင်းနှီးမှုကို ပြသတာဖြစ်ကြောင်းလည်း တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောလိုက်ပါတယ်။
ယူကရိန်းက အမေရိကန်လုပ် ATACMS မစ်ဇိုင်းဒုံး ၉ ခုနဲ့ ခရိုင်းမီးယားဒေသကို တိုက်ခိုက်ခဲ့သလို၊ တခြားဒေသတွေမှာလည်း အဝေးထိန်းဒရုန်း အနည်းဆုံး ၆၀ လောက်နဲ့ တိုက်ခိုက်ခံခဲ့ရကြောင်း ရုရှားတာဝန်ရှိသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ရာသီဥတု ပြောင်းလဲလာမှုအရေး တက်ကြွလှုပ်ရှားသူ(၆)ဦးဟာ စနေနေ့က ဂျာမနီနိုင်ငံ မြူးနစ်လေဆိပ် လုံခြုံရေး အကာအရံစည်းရိုးကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ပြေးလမ်းတွေကိုသွားတဲ့ လမ်းတွေပေါ်မှာ ထိုင်ပြီး ပိတ်ဆို့ခဲ့လို့ လေယာဉ်ခရီးစဉ်တွေ ယာယီပိတ်ခဲ့ရပါတယ်။
သီတင်း (၆)ပတ်ကြာ ကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း အပူချိန်လွန်ကဲနေလို့ မဲဆန္ဒပေးသူတွေ ကျန်းမာရေးအန္တရာယ် ပိုရင်ဆိုင်လာရမှာကို ကျွမ်းကျင်သူ ပညာရှင်တွေက စိုးရိမ်နေတာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်