လက်ရှိဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းကြားက ပြဿနာရဲ့ နောက်ခံသမိုင်းနဲ့ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်နေမှုတွေကို ဘယ်လိုရှိပါသလဲ။ ဒီပဋိပက္ခအကြောင်း ထဲထဲဝင်ဝင်သိရှိနားလည်နိုင်အောင် ၂၀၂၀ ခုနှစ်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ် (Peace to Prosperity) ကို ကြေညာအပြီး ဗွီအိုအေ အယ်ဒီတာဦးကျော်ဇံသာ ရေးသားခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ ဂါဇာမှာရှိတဲ့ ဟာမတ်စ်အဖွဲ့ အကြီးအကဲ Yahya Sinwar နဲ့ အရာရှိတချို့ကို ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေကြောင်း ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အကြီးအကဲက ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်အနေနဲ့ ဂါဇာမှာ ဖြစ်နေတဲ့ ပဋိပက္ခထဲက ပြဿနာတွေကို ဖြေရှင်းနေသလို တွေ့ဆုံဆွေးနွေးရေးကိုလည်း ဆက်လုပ်နေပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် ကန့်ကွက်နေတဲ့ကြားကပဲ အစ္စရေးဟာ ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ ရှိနေပါတယ်။