အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မြို့က မြေပြင် စစ်ဆင်ရေးတွေကို တိုးမြင့် ဆောင်ရွက်သွားဖို့ သန္နဋ္ဌာန်ချထားကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ ဒီကနေ့ တွေ့ဆုံအပြီးမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောကြားလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ ဂါဇာမှာရှိတဲ့ ဟာမတ်စ်အဖွဲ့ အကြီးအကဲ Yahya Sinwar နဲ့ အရာရှိတချို့ကို ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေကြောင်း ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အကြီးအကဲက ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဂါဇာဒေသထဲက ဟာမတ်စ်တို့ကိုသာ ပိုမိုပစ်မှတ်ထားတဲ့ စစ်ဆင်ရေးမျိုးပဲ လုပ်ဖို့ အမေရိကန်သမ္မတအိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေးJake Sullivan က အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu ကို တနင်္ဂနွေနေ့မှာ ဖိအားပေးပြောဆိုလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
အစ္စရေးလ်-ဟာမတ်စ်စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ကျောင်းသားတွေရဲ့ အသံတွေကို ကြားသလို အကြမ်းမဖက်ဆန္ဒထုတ်ဖော်တာကို သူ့အနေနဲ့ထောက်ခံပါတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Morehouse College ဘွဲ့နှင်းသဘင်အခမ်းအနားကိုတက်ရောက်လာတဲ့ ကျောင်းသူကျောင်းသားတွေကို ပြောဆိုသွားပါတယ်။
ဂါဇာကမ်းလွန်မှာ အမေရိကန်စစ်တပ် ဆောက်ပေးထားတဲ့ ယာယီဆိပ်ခံတံတားကနေ ဂါဇာဒေသအတွက် အလွန်အမင်းလိုနေတဲ့ အကူအညီတွေကို ဒီနေ့မှာ ပထမဆုံး သယ်ယူ ပို့ဆောင်နိုင်ခဲ့ပါတယ်။
ဂါဇာဒေသတောင်ဘက်ပိုင်းမှာ စစ်ဆင်ရေးတွေအရှိန်မြင့်လာနေချိန်မှာပဲ ရာဖာမြို့ထဲကို အစ္စရေးလ်တပ်တွေ ထပ်ပြီးစေလွှတ်မယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး Yoav Gallant က ကြာသပတေးနေ့မှာပြောပါတယ်။ ရာဖာဒေသမှာ စစ်ဖက်တပ်ဖွဲ့ဝင်တွေထပ်မံပို့ဆောင်ပြီး စစ်ဆင်ရေးတွေ ရှေ့တိုးဆောင်ရွက်မယ်လို့လည်း သူကပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia ဒုက္ခသည်စခန်း စစ်ဆင်ရေးအတွင်း အစ္စရေးတင့်ကား ၂ စင်းက မှားယွင်းပစ်ခတ်မှုကြောင့် အစ္စရေး စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားပါတယ်။
ဂါဇာတောင်ပိုင်း ရာဖာမြို့စစ်ဆင်ရေးကို ချက်ချင်းရပ်ဖို့ ဥရောပသမဂ္ဂ အီးယူက အစ္စရေးကို ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ဆင်ရေးကြောင့် လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်ချက်တွေ ပျက်ပြားရပြီး လူတွေ ပိုလို့ ရွှေ့ပြောင်းနေထိုင်ရ၊ ငတ်မွတ်ခေါင်းပါး၊ ဒုက္ခတွေ ကြုုံတွေ့ကြရတယ်လို့လည်း အီးယူကပြောပါတယ်။
ဒီစစ်ဆင်ရေးကြောင့် ဂါဇာမှာလုပ်နေတဲ့ စာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို အနှောက်အယှက် ဖြစ်စေတဲ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာတာ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ လူသားတွေ ဘေးဒုက္ခရောက်ရတဲ့ အခြေအနေတွေ ပိုပြီး ဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။
အမေရိကန်အနေနဲ့ ဂါဇာမှာ ဖြစ်နေတဲ့ ပဋိပက္ခထဲက ပြဿနာတွေကို ဖြေရှင်းနေသလို တွေ့ဆုံဆွေးနွေးရေးကိုလည်း ဆက်လုပ်နေပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် ကန့်ကွက်နေတဲ့ကြားကပဲ အစ္စရေးဟာ ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ဖို့ ရှိနေပါတယ်။
ဂါဇာတောင်ပိုင်း Rafah တဝိုက်မှာ အစ္စရေးစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာတာကို သူ့အနေနဲ့ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့မှာ ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဒဏ် ခံနေရတဲ့ ဂါဇာဒေသတောင်ပိုင်း Rafah မြို့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စွန့်ခွာ ထွက်ပြေးတဲ့သူ ၄ သိန်းခွဲ နီးပါး ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂအေဂျင်စီက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်